ပတ်ဝန်းကျင် ဆိုတာ တစ်ခါတစ်ရံ ချစ်စရာကောင်းတယ် ၊ တစ်ခါတစ်ရံ ကျတော့လည်း ကြောက်စရာကောင်းနေပြန်ရောတဲ့။
လူတစ်ယောက်ကို ချောက်ထဲတွန်းချ ချင်ရင်လဲ သူတို့ပဲ ။ ချောက်ထဲက ကယ်တင်ပေးမဲ့သူတွေလဲ သူတို့ပဲ။
ရိုးသားတဲ့ လူကို အဖြူရောင်နဲ့တင်စာကြတယ်၊ အဖြူရောင်ဆိုတော့ ဘာအရောင်ပဲခြယ်ခြယ်ရတာပေါ့၊ အရောင်ခြယ်ချင်တဲ့ သူတို့အတွက်ကျတော့ မျက်စိကျစရာတစ်ခုဖြစ်တာပေါ့၊
ကျနော့်ဘ၀ကရိုးပါတယ်၊ ရိုးသားရတာကို ကျနော်ကြိုက်တယ်၊ ဘ၀ကိုရိုးစဉ်စွာနဲ့ပဲ ဖြတ်သန်းခဲ့တယ်၊ အဲဒါကြောင့်ရိုးသားတဲ့လူရှိတဲနေရာကိုပဲ ကျနော်သွားတယ်၊ ရိုးသားတဲ့လူတွေနဲ့ပဲ ကျနော်ပေါင်းတယ်၊ မရိုးသားတဲ့လူတွေရှိလာရင် ရိုးသားလာအောင် ကျနော်ကြိုးစားပြီး ပြုပြင်ကြည့်တယ်၊
ကျနော့်ဘ၀က ကျောင်းဆရာပါ။ အရောင်မဆိုသေးတဲ့ ကလေးတွေနဲ့ဆက်ဆံရတယ်၊
လောကကြီးမှာ အရိုးသားဆုံးလူတွေက ကလေးတွေပါပဲ၊ သူတို့ကို စားဖို့၊ ငိုဖို့၊ ပျော်ဖို့ ၊ ရည်ဖို့ကလွဲရင် ဘာကိုမှ မသိတတ်ဘူး။ သူတို့စိတ်ထဲမှာ ငိုချင်လာရင် ငိုမယ်၊ ရည်ချင်လာ ရည်မယ်။
Wednesday, October 31, 2007
သူ့အတွေး သူ့အမြင်
Posted by karendeltaforce at 1:21 AM
Labels: သူ့အတွေး သူ့အမြင်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment